Sushi Development
  • Home
    • My Certifications
  • Who we are?
  • Sushi and Necessary knowledge
    • Label Setup
    • Ingredients Sub Ingredients >
      • Nutrition Info
    • Sushi Bars and Restaurants
    • Why Important
    • Customer Page
    • Sushi and More >
      • Future Products (1)
      • Future Products (2)
      • Future Product (3)
      • Future Product (4)
      • Food Processing
      • Burmese Tofu & More
  • Contact & More
    • Online Store
    • Contact

8
စူရှီ စားသောက်ကုန် လုပ်ငန်း လုပ်ကိုင် ရန် အခြေ ခံ သိ ထား သင့် သည် များ ရှိ ပါ တယ်။
မိမိ လုပ် ကိုင် မည့် စူရှီ လုပ်ငန်း က ဘာ လဲ ဆို တာ ကို တိတိ ကျကျ အစီအစဉ် ရှိ ထား သင့် ပါ တယ်။
အကြမ်းဖျဉ်း အား ဖြင့် အောက်ပါ အတိုင်း ခွဲ ခြား နိုင် ပါ တယ်။ 
၁-ကိုယ်ပိုင် စူရှီ စားသောက် ဆိုင်လုပ်ငန်း ဖွင့်လှစ် ခြင်း
၂-စူရှီ ဘား ကို စတိုးဆိုင် စူပါ မားကက် မှာ ကိုယ်ပိုင် ဖွင့်လှစ် ခြင်း
၃-စူရှီ ဘား ကို တက္ကသိုလ် ရုံး ကောလိပ် စက်ရုံ များ တွင် ဖွင့်လှစ် ခြင်း
၄-စူရှီ ဘား ကို အမေရိကန် အီတလီ စ တဲ့ စားသောက်ဆိုင် ကြီး များ တွင်  တွဲဖက် ဖွင့်လှစ် ခြင်း
၅-စူရှီ  takeout ကိုယ် ပိုင် ဆိုင် ဖွင့်လှစ် ခြင်း
၆-ပွဲတော် ဈေး တန်း များ တွင် ရောင်း ချ သော Food truck စူရှီ ဖွင့်လှစ် ခြင်း
၇-လက်ကား စူရှီ လုပ်ငန်း လုပ် ကိုင် ခြင်း
၈-နောက်ဆုံး အနေ နဲ့ က တော့ Delivery sushi လုပ်ငန်း ထူထောင်ခြင်း 



စူရှီ လုပ်ငန်း လုပ်ကိုင် ရန် အခြေ ခံ လိုအပ် ချက် များ
1-HACCP=Hazard Analysis Critical Control Points
2-SSOP=Sushi Standard Operation Procedure or Program
3-Prerequisite Programs
4-Necessary, supporting and optional Logs & Necessary Log Books 
5-Label Development

1-HACCP
ကိုယ် ပိုင် HACCP ဆို တာ က တော့ မရှိ မဖြစ် လို အပ် ပါ တယ်။  HACCP က ဘာ နဲ့ တူ လဲ ဆို တော့ အလုပ် လျှောက် ရင် လိုအပ် တဲ့
ID လို ပါ ဘဲ။  ID ဆိုတာ အလုပ် မလျှောက် ခင် ကထဲ က လိုအပ် တဲ့ သက်သေခံ စာရွက်စာတန်း တခုပါ။ အကြမ်း ဖျင်း တော့ Driver licenses နဲ့ တူ ပါတယ်။ အမေရိကန် မှာ အလုပ်လျှောက် ရင် Driver license ကို  ID အနေ နဲ့ သုံး ကြ ပါ တယ်။
HACCP ဆို တာ Sushi safety Manual ပါ။ HACCP နဲ့ အတူတူ Operation Manual SSOP ကို လို အပ် ပါ တယ်။
SSOP ကို Sushi Standard Operating Procedure လို့ လဲ ပြော ကြ ပါ တယ်။ 
SSOP- Standard Sanitation Operating Procedure နဲ့ မမှား စေ လို ပါ။  

2- SSOP- Sushi Standard Operating Procedure 

SSOP ဆို တာ တော့ အကြမ်း ဖျင်း ပြော ရ ရင် HACCP Safety Manual ကို  အခြေ ခံ ထား တဲ့ Operation Manual ပါ။
SSOP က HACCP ကို အကျယ် ချဲ့ ရှင်း ပြ ထား တဲ့ documents တွေ ဖြစ် တာ မို့ ပို များ ပို ကျယ် ပြန့် ပြီး ပို အသေးစိတ် ပါ တယ်။ HACCP မှာ က အကျဉ်းချုပ် ဖော်ပြ ထား တာ မို့ အသေးစိတ် တခု ချင်း စီ ကို ရှင်း မပြ ပါ ဘူး။  ဉပမာ PH meter Thermometer
တွေ တခု ချင်းစီ ကို Calibration လုပ် တာ မျိုး ကို SSOP မှာ အသေးစိတ် ရှင်း ပြ ပေ မဲ့ HACCP မှာ က တော့ အကျဉ်းချုပ် ဘဲ ဖော်ပြ ပါ တယ်။

3- Prerequisite Programs-

ဆို တာ ကတော့ ဗဟို ပြည်နယ် သက်ဆိုင်ရာ မြို့နယ် ခရိုင် စ တဲ့ ကျန်းမာ ရေး ဌာန များ မှ FDA, AFDO USDA စ တဲ့ လမ်းညွှန် ချက် များ ကို မူတည် ပြီး ချ မှတ် ထား တဲ့ လို အပ် ချက် စည်း မျဉ်း စည်းကမ်း များ ဖြစ် ပါ တယ်။ ကျန်းမာရေး ဌာန နေရာ ဒေသ ကို လိုက် ပြီး ရှုဒေါင့် တမျိုး စီ နဲ့ လိုအပ် ချက် လိုက်နာရ မဲ့ စည်းမျဉ်း စည်းကမ်း ချက် တွေ က အနဲ ငယ် စီ ကွဲ ပြား မှု ရှိ တတ် ပါ တယ်။  ဉပမာ အချို့ ပြည်နယ် အချို့ County တွေ မှာ စူရှီ ထမင်း ကို Room Temperature မှာ ၄ နာ ရီ ထား ခွင့် ပြု ပြီး အချို့ နေရာ တွေ မှာ ၆ နာရီ ၈ နာရီ စ သဖြင့် ထား ခွင့် ကို ကွဲ ပြား တတ် ပါ တယ်၊  အချို့ နေရာ တွေ မှာ တော့ ၁၀ နာရီ ထိ အောင် ထား ခွင့် ပြု ကြ ပါ တယ်။ နောက် Cooler temperature လို အပ် ချက် ကို အချို့ ပြည်နယ် အချို့ နေရာ တွေ မှာ ၄၁ ဒီဂရီ ဖာရင်ဟိုက်အောက် လက် ခံ ပြီး အချို့ နေရာ တွေ မှာ ၄၀ အောက် မှ လက်ခံ ပါ တယ်၊ အချို့ FDA  စစ်ဆေးရေး များ ကျ တော့ ၃၈ ဒီဂရီ ဖာရင်ဟိုက် ကျ မှ လက် ခံ တာ မျိုး စ သဖြင့် ကွဲ ပြား တတ် ပါ တယ်။

4-Necessary, supporting, optional logs

Logs ဆို တာ က တော့ အားလုံး အကြမ်း ဖျဉ်း သိ ထား ပြီး  ဖြစ် မှာ ပါ။ Logs  ဆို တာ HACCP ဇယား မှာ နောက်ဆုံး ပိုင်း အချုပ် မှာ ပါ ရှိ တဲ့ Record keeping ဖြစ် ပါ တယ်။ HACPP မှာ Who, How, When, Where စ တဲ့ ဘယ် သူက ဘယ် လို ဘယ် အချိန် ဘယ် နေရာ မှာ စ တဲ့ Processing procedure အစ အဆုံး အပိုင်း တပိုင်း စီ ကို ထိန်းချုပ် ထား တဲ့ Manual များ ဖြစ် ပါ တယ်။
ဉပမာ- Sushi Processing မှာ

1)-Supplier Approval  စ တဲ့
Seafood parasite destruction procedure   နဲ့ တကွ HACCP certified supplier များ ထံ မှ ရွေး ခြယ် ဝယ် ယူ မှု 
2)-Receiving Procedure စ တဲ့ Ambient, Refrigerated, Frozen ingredients  စတဲ့ အသေးစိတ် လက်ခံ ရ ရှိ မှု က အစ
Components အဆုံး လက်ခံ ရ ရှိ ခြင်း Procedure မှာ Who How When Where စ တဲ့ အသေးစိတ် မှတ် တမ်း ထား ရှိ မှု။
3)-Storing Procedure မှာ Allergen cross contamination , Environmental  cross contamination   စ တဲ့
မလိုလား အပ် တဲ့ physical, biological , chemical Hazards တွေ ဘေး အန္တရာယ် မှ ကင်းစင် အောင် လုပ် ကိုင် ရ မှာ
ဖြစ် ပါ တယ်။
4)-Thawing, Preparing procedure
အရမ်း အရေး ကြီး တဲံ အပိုင်း ဖြစ် ပြီး FDA AFDO guidelines များ Frozen Seafood, frozen cooked ingredients များ Frozen vegetables inclusive of Soy vegetables, Refrigerated ingredients, Ambient ingredients များ ကို
မလိုလား အပ် တဲ့ Hazards များ မဖြစ် အောင် Time & Temperature controls  ဘောင် အတွင်း မှ Who How When Where
စ တဲ့ ဘေးအန္တရာယ် ကင်း စင် တဲ့ လုပ်ငန်း စဉ် လမ်းညွှန်ချက် များ အတိုင်း လုပ် ကိုင် ရန်။
5)-Storing Prepared Ingredients and tracking methods
6)-Cooking Rice and maintain Ph level and time & temperature control
7)-Production Procedure until packaging inclusive of labeling
8)-Storing until the correct temperature zone
9)- Selling Finished Products in the Display case

အဲဒီ အချက်အလက် များ မလုပ် ခင်
1-8 Points Sanitation  Sanitation အချက် ၈ ချက် ကို အသေး စိတ် သိရှိ နားလည် ဖို့ လို အပ် ပါ တယ်။
2-Pre inspection procedure -Utensil, work related utensils, tools, table အစရှိ တဲ့ processing လုပ်ငန်း လုပ်ကိုင် ရန် လို အပ် တဲ့ ပစ္စည်း အား လုံး တခု ချင်းစီ ကို ကိုင်တွယ် အသုံး ပြုပုံ ကို အသေးစိတ် guidelines များ ထား ရှိ ဖို့ လို အပ် ပါ တယ်။ 
3-Employee illness police document, procedure, agreement, reporting procedure စ တဲ့ အရေး ကြီး တဲ့ လုပ်ငန်း စဉ် များ ကို လုပ်ငန်း မစ ခင် ကြိုတင် ပြုလုပ် ထား ဖို့ လို အပ် ပါ တယ်။

4-Training Procedure
5-List of Ingredients inclusive of allergens, expiry date
6-List of components utensils, tools , all food related things
7-Shelf life of all ingredients and tracking methods

Logs တွေ မှာ
Temperature Logs, Operation Logs, PH Logs, Sushi production time & temperature logs, per-production log, production inspection log,  sushi operation temperature log, daily 8-points sanitation log, daily cleaning log, food employee illness agreement, စ တဲ့ Logs တွေ အပြင် tracking method တွေ ကို လို အပ် သလို လုပ် ကိုင် ဖို့ လို အပါ ပါ တယ်။ စ တဲ့ လိုအပ် တဲ့ Log များ ဖြစ် ပါ တယ်။

5-Label Development
FDA မှ ချ မှတ် ထား တဲ့ 21 CFR 101 labeling guidelines ကို အခြေ ခံ တဲ့ လေဘယ် များ ဖြစ် ပါ တယ်။ 
လေဘယ် များ မှာ Nutrition facts, Ingredients, sub ingredients, allergen info, price, UPC code for POS, consumer notice, contact info, direction, စ တဲ့ အချက် အလက် များ ကို အသေး စိတ် ပါ ဝင် တဲ့ document တမျိုး ပါ။

HACCP နဲ့ အသေးစိတ် ပါတ်သက် တာ အချို့ ကို Customer Page မှာ ကြည့် လို့ ရ ပါ တယ်၊
Customer Page ကို ကြည့် ဖို့ Password ကို ဦးသီဟန် ၈၄၅-၆၅၆-၅၀၀၄ ကို ဆက်သွယ် မေးမြန်း နိုင် ပါ တယ်။




စူရှီ နဲ့ ပါတ်သက် တဲ့ စာရွက် စာတန်း တွေ က အရမ်း အရေး ကြီး ပါ တယ်
ကိုယ့် ရဲ့ စူရှီ ကုမ္ပဏီ ကို အရောင်း အဝယ် လုပ် တော့ မယ် ဆို ရင် ကိုယ့် ကုမ္ပဏီ ရဲ့ Foundation ဖြစ် တဲ့
Food Safety Manual Product Processing Procedure စတဲ့  HACCP, SSOP,  Prerequisite Programs,  Necessary, supporting and optional Logs, Label Development စ တဲ့ စူရှီ ကုမ္ပဏီ ရဲ့ Foundation များ က အရမ်း အရေး ပါ ပါ တယ်။ 
စူရှီ ကုပ္မဏီ ရေရှည် ရပ်တည် နိုင် ရေး။ အစစ် အဆေး ခံ နိုင်ရေး။ ကာစတန်မာ များ ခိုင်မာ မှု ရှိ ရေး စ တဲ့ စီးပွါး ရေး အခန်း ကဏ္ဠ မှာ
Foundation  ခိုင် မာ မှု က အလွန် အရေး ပါ ပါ တယ်။
အမေရိကန် မှာ FDA နဲ့  USDA ခေါ် တဲ့ စားသောက်ကုန် စိုက်ပျိုးရေး ထုတ်ကုန် ပစ္စည်း နို့နဲ့ နို့ထွက် ပစ္စည်း အသား နဲ့ ငါး ထုတ်ကုန်  အစ္စည်းတွေ နဲ့ ပါတ်သက် ပြီး  အဓိက စည်းကမ်းချမှတ် စည်းကြပ် ဉပဒေ ထုတ် ပြီး စစ်ဆေး ရေး လမ်းညွှန် ပေး တဲ့ အဖွဲ့ ကြီး ၂ ခု ရှိ ပါ တယ်။
FDA နဲ့ AFDO, USDA နဲ့ FSIS တို့ က ပူး တွဲ ဦးဆောင် မှု ပေး ပါ တယ်။ Consumer Protection, State Health, Local Health တို့ က ဉပဒေ ကို အတိ အကျ လိုက်နာမှု ရှိ ဖို့ အကောင်အထည် ဖော် တဲ့ အဖွဲ့ အစည်း တွေ ဖြစ် ပါ တယ်။ 
Sushi Delivery လုပ်ငန်း လုပ် တော့ မယ် ဆို ရင် သေသေ ချာချာ သိ ထား သင့် တာ က ကိုယ် လုပ် မဲ့ ပြည်နယ် ရဲ့  ကျန်းမာရေး ဌာန တွေ ရဲ့ တင်းကြပ်မှု အတိမ် အနက် ပါ။ ဉပမာ အချို့ ပြည်နယ် များ ဖြစ် တဲ့ မစ်စ္စစပီ ပြည်နယ် အလာဘားမား ပြည်နယ် အစ ရှိ တဲ့ ပြောင်းလဲ မှု ကို နှေး ကွေး စွာ အကောင်အထည် ဖော် တတ် တဲ့ ပြည်နယ် များ နဲ့ စည်းကမ်း အသစ် ချမှတ် မှု ကို မြန်မြန်ဆန်ဆန် အကောင်အထညိ ဖော်တတ် တဲ့ မက်ဆာချူးဆက် ကယ်လီဖိုးနီးယား နယူး ဂျာဆီ အစရှိ တဲ့ ပြည်နယ် များ မှာ တင်းကြပ်မှု ပမာဏ အလျော့ အတင်း ရှိ တတ် ပါ တယ်။ 
Sushi Delivery လုပ်ငန်း လုပ် တော့ မယ် ဆို ရင် ပို ပြီး တင်းကြပ်မှု စည်းကမ်းချက် များ လေ့ရှိ တာ မို့ အဲဒီ အပိုင်း ကို သေချာ လေ့လာ ထား သင့် ပါ တယ်။ 


We can help you to develop your HACCP, SOP, Food Processing Procedure, Label Development.

စားသောက်ကုန်  လုပ်ငန်း များ စူရှီ စားသောက်ဆိုင် များ အတွက် အတွက် HACCP, GMP, GFSI
စတဲ့ ပရိုဂရမ် များ ကို ရေးဆွဲ ပေး ပါ တယ်။ 

စူရှီ နဲ့ ပတ်သက် ပြီး HACCP, SOP, Allergen program etc...
စူရှီ လေဘယ် ပရိုဂရမ် လေဘယ် ဒီဇိုင်း က အစ အကုအညီ ပေး နိုင် ပါ သည်။
Food Manufacturing food distribution တို့ အတွက်
ထိရောက် တဲ့ အကြံဉာဏ် များ ပေး နိုင် ပါ သည်။

@2022-2026 Sushi and Food Development. All Rights Reserved.